Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 24 - An-Nur
Translation by Alin U Yin — Permalink
Verse 30 — Surah An-Nur 24:30
(အို၊ ရစူလ်တမန်တော်) အသင်သည် သက်ဝင်ယုံကြည်သူတို့အား သူတို့၏မျက်စိများ (အမြင် အာရုံများ) ကို (လက်ထပ်ခွင့်ရှိသော အမျိုးသမီးများ မဖွယ်မရာမှုများ အရှက်အင်္ဂါများကို စူးစိုက်ကြည့်ခြင်းမှ ရှောင်ကြဉ်၍) နှိမ့်ချထားရန်နှင့် သူတို့၏ကာယိန္ဒြေအရှက်အင်္ဂါများကို ထိန်းသိမ်းစောင့်ရှောက်ကြရန် ဟောပြောလော့။ ထိုသို့ ထိန်းချုပ်ခြင်းသည် သူတို့အတွက် အစင်ကြယ်ဆုံးပင် ဖြစ်ပေသည်။ ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် သူတို့ ပြုလုပ်သမျှနှင့်စပ်လျဉ်း၍ သတင်းအချက်အလက် အသေးစိတ်ကို ကောင်းစွာ သိနေတော်မူသောအရှင် မြတ်ပင် ဖြစ်တော်မူ၏။