Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 24 - An-Nur
Translation by Alin U Yin — Permalink
Verse 31 — Surah An-Nur 24:31
(အို၊ ရစူလ်တမန်တော်) အသင်သည် သက်ဝင်ယုံကြည်သူအမျိုးသမီးတို့အား သူမတို့၏မျက်စိများ (အမြင်အာရုံများ) ကို (လက်ထပ်ခွင့်ရှိသော အမျိုးသားများ မဖွယ်မရာမှုများ အရှက်အင်္ဂါများကို စူးစိုက်ကြည့်ခြင်းမှ ရှောင်ကြဉ်၍) နှိမ့်ချထားရန်နှင့် သူတို့မ၏ကာယိန္ဒြေအရှက်အင်္ဂါများကို ထိန်းသိမ်းစောင့်ရှောက်ကြရန် သူမတို့သည် မဖြစ်မနေ ပေါ်နေတတ်သောအလှမှအပ ကျန်ကိုယ်အလှ (ဆွဲဆောင်ဖွယ်ရာ အစွမ်းအစ၊ ဂုဏ်ကျက်သရေ) တို့ကို မပေါ်ကြစေရန် သူမတို့၏အပေါ်ရုံများ (ဦးခေါင်းခြုံလွှာများ) ကို သူမတို့၏ရင်ဘတ်များ အပေါ်သို့ ချထားကြရန် သူမတို့၏ (မျက်စိကျဖွယ်ရာ) ကိုယ်အလှကို သူမတို့ ၏လင်ယောကျာ်းများ၊ သို့မဟုတ် သူမတို့၏ဖခင်များ၊ သို့မဟုတ် သူမတို့လင်ယောကျာ်းများ၏ဖခင်များ၊ သို့မဟုတ် သူမတို့၏သားများ၊ သို့မဟုတ် သူမတို့လင်ယောကျာ်းများ၏သားများ၊ သို့မဟုတ် သူမတို့ ၏အစ်ကိုများ၊ မောင်များ၏သားများ၊ သို့မဟုတ် သူမတို့ ၏အစ်မများ၊ ညီမများ၏သားများ၊ သို့မဟုတ် သူမတို့ကဲ့သို့သောအမျိုးသမီး သို့တည်းမဟုတ် (ကျမ်းတော်မြတ် ကုရ်အာန်ချမှတ်ပေးအပ်ခြင်း မခံရမီကပင်) သူမတို့၏လက်ဝယ်၌ ဩဇာခံ အဖြစ်ရှိခဲ့သော အစေခံများ သို့တည်း မဟုတ် အမျိုးသား များအနက်မှ (စိတ်ပိုင်းဆိုင်ရာအားနည်းချက်ကြောင့်) တဏှာရာဂစိတ် မရှိ သောသူများ သို့မဟုတ် အမျိုးသမီးများ၏ကိုယ်အင်္ဂါများကို မသိနားမလည်ကြသေးသော ကလေးသူငယ်များ၊ စသည့်သူတို့၏ရှေ့မှအပ အခြားမည်သူ့ရှေ့၌မျှ မဖော်ကြရန် သူမတို့ ဖုံးကွယ်ထားရသော ကိုယ်အလှတန် ဆာများအား ပေါ်လွင်သိ သာစေရန်အလို့ငှာ သူမတို့၏ခြေများကို ဆောင့်နင်းခြင်းမပြုကြရန် ဟောပြောလော့။ ထို့ပြင် အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ ပေါက်မြောက်အောင်မြင်မှုရရှိကြအံ့သောငှာ သင်တို့အားလုံးတို့သည် (မှား ယွင်း သည့် လမ်းစဉ်များကို ကျောခိုင်း၍ နောင်တရလျက် ဝန်ချတောင်းပန်ခြင်းဖြင့်) အလ္လာဟ်အရှင်မြတ် (၏လမ်းစဉ်တော်) ဘက်သို့ ဦးလှည့်ကြလော့။