Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 24 - An-Nur
Translation by Alin U Yin — Permalink
Verse 33 — Surah An-Nur 24:33
သို့ရာတွင် ထိမ်းမြားရန်အလို့ငှာ (အခြေအနေနှင့်စားရိတ်စက) မတတ်စွမ်းနိုင်ကြသောသူတို့မူကား အလ္လာဟ်အရှင်မြတ်သည် အရှင့်ကျေးဇူးတော်ဖြင့် သူတို့အား ကုံလုံပြည့်စေတော်မူသည်အထိ (သူတို့၏) ကာယိန္ဒြေကို ထိန်းသိန်းစောင့်စည်း၍ နေကြရမည်။ ထို့ပြင် (ကျမ်းတော်မြတ်ကုရ်အာန်ချ မှတ်ပေးအပ်ခြင်း မခံရမီကပင်) သူတို့၏လက်ဝယ်၌ ဩဇာခံ အဖြစ်ရှိခဲ့သော သင်တို့၏ကျေးကျွန်များ အနက် (အ ပေးအယူဖြင့် ကျွန်ဘဝမှ လွတ်မြောက်ရန်) ကတိစာချုပ် ချုပ်ဆိုလိုသောသူတို့အား အကယ်၍ သူတို့၌ (သူတို့ကို လွတ်မြောက်စေလျှင် တောင်းရမ်းစားသောက်ခြင်းကို ရှောင်၍ ရိုးသားစွာ လုပ်ကိုင်စားသောက်မည့် နိုင်ငံသား ကောင်းများ ဖြစ်လာနိုင်သော) ကောင်းကျိုးတစ်စုံတစ်ရာကို တွေ့ရှိခဲ့ကြလျှင် (လွတ်မြောက်ရေးလက်မှတ် အတွက်) သူတို့နှင့်ကတိစာချုပ် ချုပ်ဆိုကြလော့။ ထို့ပြင် သင်တို့သည် သင်တို့အား အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးအပ်တော်မူသော ဥစ္စာဓနနှင့်ပိုင်ဆိုင်မှုများအနက်မှ (ကျွန်ဘဝမှလွတ်မြောက်လာသူများ၏ဘဝကို ထူထောင်ပေးရန်) သူတို့ကိုလည်း ပေးကမ်းကြလော့။ ထို့ပြင် သင်တို့သည် (ယခင်ကတည်းက သင်တို့၏လက် ဝယ်၌ ဩဇာခံအဖြစ်ရှိခဲ့သော) သင်တို့၏ကျွန်မများအား (အထူးသဖြင့်) ကာယိန္ဒြေစောင့်စည်းရန် လိုလားကြ သောသူတို့အား လောကီဘဝ၏စည်းစိမ်ချမ်းသာရရှိရန်အလို့ငှာ ပြည့်တန်ဆာအဖြစ်သို့ အတင်းအကျပ် မတွန်းပို့ ကြလေနှင့်။ စင်စစ်သော်ကား မည်သူမဆို ထိုသို့ အတင်းအကျပ်ခိုင်းစေခြင်းခံရလျှင် ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ထိုကျွန်မများ အတင်းအကျပ်ခိုင်းစေခြင်းခံကြရပြီးနောက် သူတို့အား အလွန်တရာ လွတ်ငြိမ်းချမ်း သာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားကြင်နာ ညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ ၏။