Back to Languages

Burmese - Chapter 24 - An-Nur

Translation by Alin U Yin — Permalink

Verse 35 — Surah An-Nur 24:35

အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာ၏ရောင်ခြည်တော် ဖြစ်တော်မူ၏။ အရှင့် ရောင်ခြည်တော်၏ဥပမာသည်ကား ထိုထဲတွင် မီးအိမ်တစ်ခုထည့်ထားသော နံရံကလိုင်ပေါက်တစ်ခုနှင့်အလား သဏ္ဍန်တူ၏။ ထိုမီးအိမ်သည် မှန်သားဖန်အိမ်ထဲတွင်ရှိပြီး ထိုမှန်သားဖန်အိမ်သည်ကား အရှေ့ဘက်စွန်းမှ မဖြစ်ရုံမက အနောက်ဘက်စွန်းမှလည်း မဖြစ်သော ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံသည့် သံလွင်ပင်မှ ယင်း၏ဆီသည် မီးနှင့်မည်သည့်အခါမျှ မထိတွေ့ပါလျက် ထွန်းလင်းတောက် ပစေခြင်းခံရပြီး အလွန်ထွန်းလင်း တောက်ပနေသော ကြယ်တာရာတစ်လုံးကဲ့သို့ပင် ဖြစ်၏။ ရောင်ခြည်တော်အပေါ် ရောင်ခြည်တော် ထပ်ဆင့် လျက် ရှိနေ၏။ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော သူအား အရှင့်ရောင်ခြည်တော်ဘက်သို့ လမ်းညွှန်တော်မူ၏။ ထို့ ပြင် အလ္လာဟ်အရှင်မြတ်သည် လူသားတို့အတွက် ပုံဆောင်ဥပမာအမျိုးမျိုးဖြင့် မြင်သာအောင် ရှင်းပြတော်မူ၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူ၏။