Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 24 - An-Nur
Translation by Alin U Yin — Permalink
Verse 36 — Surah An-Nur 24:36
(အရှင့်ရောင်ခြည်တော်ဘက်သို့ လမ်းညွှန်တော်မူခြင်းခံရသောသူတို့နှင့်ယင်းကို ရရှိခံစားနိုင်သော အိမ် တော်များလည်း ရှိ၏။) အလ္လာဟ်အရှင်မြတ်သည် ထိုအိမ်တော်များကို ထူထောင်စေရန်၊ ထိုအိမ်တော်များ၌ အလ္လာဟ်အရှင်မြတ်၏နာမတော်ကို သတိရတသ၍ ထုတ်ဖော်ဖွင့်ဟရန်၊ ထိုအိမ်တော်များတွင် နံနက်ယံ၌ လည်း ကောင်း၊ ညနေချမ်းများ၌လည်းကောင်း၊ ထိုအရှင်မြတ်က (ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိ ဂုဏ်တော်အားလုံးကို ပိုင်ဆိုင်သော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ် တင်ကြရန် ခွင့်ပြုတော်မူ၏။