Back to Languages

Burmese - Chapter 24 - An-Nur

Translation by Alin U Yin — Permalink

Verse 39 — Surah An-Nur 24:39

သို့ရာတွင် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့နှင့် သူတို့၏ပြုမူကျင့်ဆောင်မှုတို့သည် ကား “ရေဆာနေသောသူက (သဲကန္တာရ၏) လွင်တီးခေါင်၌ (ရေဟုထင်ယောင်ထင်မှားဖြစ်သော) တံလျှပ်ကို ရေထင်၍ ယင်းထံသို့ ရောက်သည်အထိ လိုက်သွားရာ မည်သည့်အရာကိုမျှ မတွေ့ရှိသော်လည်း ယင်း၏အနီး တစ်ဝိုက်တွင် အလ္လာဟ်အရှင်မြတ်ကိုသာ တွေ့ခဲ့ရသောကြောင့် ထိုအရှင်မြတ်သည်သာ သူ ၏စာရင်းအင်းကို အပြည့်အဝ ပေးတော်မူနိုင်ကြောင်းကို တွေးတောဆင်ခြင်မိသည့် ဖြစ်ရပ်မှ တံလျှပ်နှင့် ပမာတူ၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ (ချက်ချင်းလက်ငင်း) စစ်ဆေးတော်မူ၍ စာရင်းရှင်းတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။