Back to Languages

Burmese - Chapter 24 - An-Nur

Translation by Alin U Yin — Permalink

Verse 4 — Surah An-Nur 24:4

ထို့ပြင် ကာယိန္ဒြေကို ထိန်းသိမ်းစောင့်ရှောက်သော ဂုဏ်သရေရှိသည့် အမျိုးသမီးများအား (ကာမေသု မိစ္ဆာစာရကျူးလွန်သည်ဟု မတော်မတရား) စွပ်စွဲပြီးနောက် သက်သေလေးယောက်ကို မတင်ပြနိုင်ခဲ့ကြသော သူတို့အား ကြိမ်ဒဏ်အချက်ပေါင်း ရှစ်ဆယ် ရိုက်ကြလော့။ ထို့နောက် သူတို့အား (မည်သည့် ကိစ္စအတွက် ဖြစ်စေ၊) မည်သည့်အခါ မျက်မြင်သက်သေများအဖြစ် (သက်သေထွက်ဆိုခွင့်ကို) သဘောတူလက်ခံခြင်း မပြုကြလေနှင့်။ စင်စစ်သော်ကား ထိုသူတို့သည်ပင်လျှင် စည်းမျဉ်းချိုးဖောက်၍ အာခံယုတ်မာ ကောက်ကျစ်သူများ ဖြစ်ကြ၏။