Back to Languages

Burmese - Chapter 24 - An-Nur

Translation by Alin U Yin — Permalink

Verse 40 — Surah An-Nur 24:40

သို့တည်းမဟုတ် (မယုံကြည်သူ အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့နှင့်သူတို့၏ပြုမူကျင့်ဆောင် မှုတို့သည်ကား) လှိုင်းလုံကြီးပေါ် လှိုင်းလုံကြီးဆင့်၍ ဖုံးအုပ်လွှမ်းခြုံလျက် မှောင်မည်းသော တိမ်တိုက်ကလည်း အချို့ပေါ် အချို့ထပ်ဆင့် ထူထပ်လာကာ အမှောင်ထု တစ်ထပ်ပြီးတစ်ထပ် စီးနေသော နက်နဲ၊ နက်ရှိုင်းသော သမုဒ္ဒရာပင်လယ်၌ (ရောက်နေသူက ထိုအမှောင်ထုထဲတွင်) သူ၏လက်ကို ထုတ်ကြည့်သောအခါ ယင်းလက် ကိုပင် မြင်ရခက်သော အမှောင်ထုကြီးနှင့် ပမာတူ၏။ စင်စစ်သော်ကား မည်သူမဆို သူ့အတွက် အလ္လာဟ် အရှင်မြတ်က အရှင့်ရောင်ခြည်တော် စီမံဖြစ်ပေါ်စေတော် မမူလျှင်၊ (လောကခပ်သိမ်း၌) သူ့အတွက် မည်သည့် အလင်းရောင်မျှ အလျှင်း ရှိမည် မဟုတ်ပေ။