Back to Languages

Burmese - Chapter 24 - An-Nur

Translation by Alin U Yin — Permalink

Verse 41 — Surah An-Nur 24:41

ဧကန်စင်စစ်၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်၌ ရှိနေသူတို့သည်လည်းကောင်း၊ အတောင်ပံများကို ဖြန့်၍ အုပ်လိုက်တန်းစီလျက် ပျံဝဲလေ့ရှိ ကြသော ငှက်တိရစ္ဆာန်တို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်က (ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်း ဖြစ်တည် စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်သော အရှင်ဖြစ်တော်မူ ခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ကြပြီး အရာရာတိုင်းသည်ပင် ယင်း၏ဝတ်ပြုဆု တောင်းမှုပုံစံနှင့်အရှင်မြတ်က စင်ကြယ်သန့်ရှင်းတော်မူကြောင်း ဂုဏ်တင်ချီးမွမ်းသည့် နည်းစနစ်ကို ဧကန်မုချ၊ သိထားပြီး ဖြစ်သည်ကို အသင် မတွေ့မမြင် မသုံးသပ် မိလေသလော။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့ ပြုမူကျင့်ဆောင်သမျှတို့ကို ကောင်းစွာ သိနေတော်မူ၏။