Back to Languages

Burmese - Chapter 24 - An-Nur

Translation by Alin U Yin — Permalink

Verse 43 — Surah An-Nur 24:43

ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မိုးတိမ်များကို တဖြည်းဖြည်း မောင်းနှင်ရွေ့လျားစေတော်မူပြီး နောက် ယင်းတို့အချင်းချင်းအား ပေါင်းစပ်စေတော်မူ၍ တစ်ဖန် အထပ်ထပ်ဖြစ်စေတော်မူကာ ယင်းတို့ ၏ကြားမှ မိုးသီးပေါက်များထွက် (၍ ရွာသွန်း) လာစေတော်မူသည်ကို အသင် မတွေ့ မမြင် မသုံးသပ် မိလေသလော။ ထို့ပြင် ထိုအရှင်မြတ်သည် ကောင်းကင်ယံမှလည်းကောင်း၊ ယင်း၌ နှင်းထူထပ်သော တောင်များပေါ်မှလည်းကောင်း၊ မိုးသီးများ ကျစေတော်မူသောကြောင့် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော သူအား ယင်းဖြင့် အကျိုးသက်ရောက်စေတော်မူ၍ အရှင့်ဆန္ဒတော်၏ စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူ သောသူအား ယင်း၏အကျိုးသက်ရောက်မှ လွှဲဖယ်စေတော်မူ၏။ လျှပ်စီးလက်၍ လျှပ်တစ်ပြက်ပေါ်လာသော ပြိုးပြိုးပြက်ပြက် အလင်းရောင်သည် လျှပ်ပြက်ရောင်သည် မျက်စိ၏အမြင်အာရုံကို သုတ်ယူသွား အံ့ဆဲဆဲပင် ဖြစ်၏။