Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 24 - An-Nur
Translation by Alin U Yin — Permalink
Verse 5 — Surah An-Nur 24:5
သို့ရာတွင် မည်သူမဆိုသည် ထိုသို့ကျူးလွန်ဖောက်ဖျက်ပြီးနောက် (နောင်တကြီးစွာရလျက် ဝန်ချ တောင်းပန်ကာ) အရှင့်လမ်းစဉ်ဘက်သို့ ဦးလှည့်ပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများ ပြုပြင်လျှင် မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။