Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 24 - An-Nur
Translation by Alin U Yin — Permalink
Verse 54 — Surah An-Nur 24:54
(ထို့ပြင်) အလ္လာဟ်အရှင်မြတ် (၏ကျမ်းတော်မြတ်ကုရ်အာန်) နှင့်အရှင့်ရစူလ်တမန်တော် (၏လက်တွေ့ ပြသခဲ့သော လမ်းစဉ်) ကို နာခံလိုက်နာကြလော့။ အကယ်၍ (အရှင့်အမိန့်တော်ကို တမန်တော်မြတ်၏ လမ်းစဉ်နှင့်အညီ မနာခံ၊ မလိုက်နာဘဲ) ကျောခိုင်းလွှဲရှောင်ကြလျှင် (မှတ်ထားသင့်သည်မှာ) ရစူလ်တမန်တော် မြတ်အပေါ်၌ တာဝန်ပေးခြင်းခံခဲ့ရသည်နှင့်အညီသာ (အမိန့်တော်များကို လူသားထံ ပို့ဆောင်ရန်သာ) တာဝန် ရှိပြီး သင်တို့အပေါ်၌လည်း သင်တို့အား တာဝန်ပေးခြင်းခံခဲ့ကြရသည်နှင့်အညီ (အမိန့်တော်များကို နာခံလိုက် နာရန်သာ) တာဝန်ရှိပေ၏။ အကယ်၍ သင်တို့သည် ထိုရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကို နာခံလိုက်နာ ကြလျှင်၊ သင်တို့သည် တရားလမ်းမှန်ကို ညွန်ပြခြင်း ခံရလိမ့်မည်။ စင်စစ်သော်ကား ရစူလ်တမန်တော်မြတ် အပေါ်၌မူကား (ငါအရှင်မြတ်၏အမိန့်တော်များကို လူသားထံအရောက်) ထင်ရှားပြတ်သားစွာ ပို့ဆောင်ပေးခြင်းမှအပ အခြားမည်သည့် တာဝန်မျှ မရှိချေ။