Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 24 - An-Nur
Translation by Alin U Yin — Permalink
Verse 55 — Surah An-Nur 24:55
အလ္လာဟ်အရှင်မြတ်သည် သင်တို့အနက် သက်ဝင်ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန် ကောင်းမြတ်သော ပြုမူကျင့်ကြံမှုများကို ကျင့်မူဆောက်တည်ကြသောသူတို့အား ကတိပေးတော်မူသည်မှာ သူတို့အလျင် ရှိခဲ့ကြ သောသူတို့အား (ကမ္ဘာမြေပေါ်ဝယ်) အုပ်ချုပ်ခွင့်အာဏာဆက်ခံသူများ ဖြစ်စေတော်မူခဲ့သည့်နည်းတူ သူတို့ကို လည်း (လက်ရှိအုပ်ချုပ်ခွင့် အာဏာရရှိထားသူတို့၏နေရာတွင် အစားတိုးနိုင်မည့် ဆက်ခံများ ဧကန်မုချပင်၊ ဖြစ်စေတော်မူပြီး သူတို့အတွက် အရှင်မြတ်နှစ်သက်တော်မူသော သူတို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ် ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေး လမ်းစဉ်) ကို သူတို့အကျိုးငှာ မြဲမြံခိုင်ခံ့စွာ ထူ ထောင်စေတော်မူသည့်အပြင် ငါအရှင်မြတ်သည် သူတို့အား သူတို့၏အကြောက်တရား (နှင့်စိုးရိမ်မှု) နောက်တွင် ငါအရှင်မြတ်ကိုသာလျှင် နာခံကိုးကွယ်ခြင်း ငါအရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားမည်သည့် သက်ရှိသက်မဲ့ ကိုမျှ ကိုးကွယ်ရာအဖြစ် မကိုးကွယ်ခြင်းကြောင့် ဘေးကင်းလုံဘခုံမှုနှင့်တည်ငြိမ်းအေးချမ်းမှုသို့ မုချပင် ပြောင်းလဲစေတော်မူမည်။ ထိုအခြေအနေသို့ရောက်ပြီးနောက်တွင်မှ မည်သူမဆို အမှန်တရားကို မယုံကြည် ငြင်းပယ် ဖုံးကွယ်၍ ကျေးဇူးကန်းကြလျှင် ထိုသူတို့သည် အရှင့်စည်းမျဉ်းတော်များကို အာခံဖီဆန်သော ကောက်ကျစ် ယုတ်မာသူများပင် ဖြစ်ကြ၏။