Back to Languages

Burmese - Chapter 24 - An-Nur

Translation by Alin U Yin — Permalink

Verse 57 — Surah An-Nur 24:57

အသင် (တမန်တော်) သည် “မယုံကြည်သူ အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့သည် ကမ္ဘာမြေဝယ် (ငါအရှင်မြတ်ဆန္ဒတော်နှင့်အညီဖြစ်ပျက်နေသည်ကို) မစွမ်းဆောင်နိုင်အောင် ပြုနိုင်ကြမည်ဟု အလျှင်း မထင်မှတ်လေနှင့်။ အမှန်စင်စစ် သူတို့၏ (နောက်ဆုံးပန်းတိုင်) ခိုလှုံရာဌာနမှာ ငရဲမီးပင်ဖြစ်ပေသည်။ စင်စစ်သော်ကား ယင်း (ငရဲမီး) သည် အလွန်ပင် ဆိုးရွားလှသော နောက်ဆုံးပန်းတိုင် ပြန်လည် ရာဌာနစခန်းပင် ဖြစ်ပေ၏။