Back to Languages

Burmese - Chapter 24 - An-Nur

Translation by Alin U Yin — Permalink

Verse 58 — Surah An-Nur 24:58

အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် (ယခင်ကတည်းက သင်တို့၏လက်ဝယ်၌ ဩဇာခံ အဖြစ်ရှိခဲ့သော) သင်တို့၏ကျွန်မများအားလည်းကောင်း၊ သင်တို့အနက် အရွယ်မရောက်ကြသေးသော သား သမီးများအားလည်းကောင်း၊ နံနက်မိုးမသောက်မီ ဖဂျ်ရ် ဆွလာသ်ဝတ်ပြုချိန်၊ ပူအိုက်၍ သင်တို့၏အဝတ် အစားများကိုချွတ် ထားလေ့ရှိသော နေ့လယ်အချိန်နှင့် ညဦးနှောင်း (အိရှာအ်) ဆွလာသ် ဝတ်ပြုပြီးချိန် စသည့် အချိန်သုံးပါး၌ (သင်တို့၏အခန်းများထဲသို့ ဝင်ထွက်သွားလာလိုလျှင်) သင်တို့ထံ ခွင့်တောင်းခံစေကြရမည်။ ထိုအချိန်သုံးပါး (ကို ရှောင်ကြဉ်) ပြီးနောက် (အခြားအချိန်များတွင်မူကား ခွင့်မတောင်းဘဲ) သင်တို့အချင်းချင်း အချို့ထံအချို့ တစ်ဦးထံတစ်ဦး ဝင်ထွက်သွားလာလည်ပတ်ခြင်း၌ မည်သို့မျှ အပြစ်မရှိချေ။ အလ္လာဟ်အရှင်မြတ်သည် ထိုနည်းအတိုင်းပင် သင်တို့အတွက် အရှင်မြတ်၏ အာယသ်သက်သေလက္ခဏာတော်များကို ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားအောင် ရှင်းလင်း တင်ပြတော်မူ၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့် စုံတော်မူသောအရှင် ဖြစ်တော်မူ၏။