Back to Languages

Burmese - Chapter 24 - An-Nur

Translation by Alin U Yin — Permalink

Verse 6 — Surah An-Nur 24:6

သူတို့၏ဘဝကြင်ဖော်ကြင်ဖက်များအား (ကာမေသုမိစ္ဆာမှု ကျူးလွန်ဖောက်ပြန်ကြောင်း) စွပ်စွဲသောသူ တို့သည် သူတို့၌ သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည် အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒ အတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ် သို့မဟုတ်) သူတို့ကိုယ် တိုင်မှအပ သူတို့၏စွပ်စွဲ ချက်အတွက် အထောက်အကူပြုသော မျက်မြင်သက်သေများ မရှိကြလျှင် ထိုစွပ်စွဲသူတို့အနက် တစ်ဦးချင်း စီသည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ သူသည် ဖြောင့်မတ်မှန် ကန်သော သစ္စာဝါဒီဖြစ်ကြောင်းကို လေးကြိမ်တိုင်တိုင် သက်သေထွက်ဆိုရမည်။