Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 24 - An-Nur
Translation by Alin U Yin — Permalink
Verse 61 — Surah An-Nur 24:61
သင်တို့အိမ်များ၊ သို့မဟုတ် သင်တို့ဖခင်များ၏အိမ်များ၊ သို့မဟုတ် သင်တို့မိခင်များ၏အိမ်များ၊ သို့မဟုတ် သင်တို့ညီအစ်ကိုများ၏အိမ်များ၊ သို့မဟုတ် သင်တို့နှမအစ်မများ၏အိမ်များ၊ သို့မဟုတ် သင်တို့ဘ ကြီးဘထွေး များ၏အိမ်များ၊ သို့မဟုတ် သင်တို့ အရီးကြီးအရီးကလေးများ၏အိမ်များ၊ သို့မဟုတ် သင်တို့ဦးရီး များ၏အိမ်များ၊ သို့မဟုတ် သင်တို့မိကြီး မိထွေးများ၏အိမ်များ၊ သို့မဟုတ် (ယခင်ကတည်းက သင်တို့၏ လက်ဝယ်၌ ဩဇာခံ အဖြစ်ရှိပြီး) သင်တို့ ၏အိမ်တံခါးဖွင့်ခွင့်ရှိသူများ၊ သို့မဟုတ် သင်တို့ မိတ်ဆွေများ ၏အိမ်များ၊ စသည့်အိမ်များ၌ စုပေါင်း၍ဖြစ်စေ၊ တစ်ဦးချင်းစီဖြစ်စေ၊ စားသုံးခြင်းအသင်တို့၏စားသုံးခြင်း၌ အပြစ်မထိုက်သည့်အပြင် ထိုအိမ် များမှ (မည်သည့် အနှောက်အယှက်မျှ ပေးလိုသောဆန္ဒမပါဘဲ လိုအပ်ချက် ဖြည့်ဆည်းရန်အတွက်သာ) စား သောက်ခြင်းဖြင့် မျက်မမြင်များ၏အ ပေါ်၌ လည်းကောင်း၊ မသန်မစွမ်းသော သူများအပေါ်၌လည်းကောင်း၊ မမာမကျန်း ဖြစ်နေ သောသူများအပေါ်၌လည်း သင်တို့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အ သွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်း ဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များအပေါ် တွင်လည်းကောင်း၊ အပြစ်မထိုက်ပေ။ သို့ရာတွင် သင်တို့သည် (အဆိုပါ) အိမ်များ သို့ ဝင်ရောက်ကြသောအခါ သင်တို့၏နဖ်စ်များအပေါ် သင်တို့ကိုယ်တိုင် အချင်းချင်း နှုတ်ဆက်ကြိုဆိုသည့်အ နေဖြင့် “အရှင်မြတ်ထံတော်မှ ငြိမ်း ချမ်းမှု ကရုဏာတော် ကျက်သရေမင်္ဂလာအဖြာဖြာနှင့်စင်ကြယ်ကောင်းမြတ်မှုများ သက်ရောက်ပါစေ ကြောင်း စလာမ်မေတ္တာ ပို့သကြလော့။ သင်တို့ စဉ်းစားဆင်ခြင်တွေးခေါ်၍ သိနား လည်နိုင်ရန်အလို့ငှာ အလ္လာဟ်အရှင်မြတ်သည် ထိုနည်းအတိုင်းပင် သင်တို့အတွက် အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားအောင် ရှင်းလင်းတင်ပြတော်မူ၏။