Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 24 - An-Nur
Translation by Alin U Yin — Permalink
Verse 63 — Surah An-Nur 24:63
သင်တို့သည် (ဆုတောင်းမှုအတွက်တောင်းဆိုခြင်း ဆင့်ခေါ်ခြင်းနှင့်ဖိတ်ခေါ်ခြင်း အပါအဝင်) ရစူလ်တ မန်တော်မြတ်ကိုခေါ်ရာတွင် သင်တို့ အချင်းချင်းကြား အချို့ကိုအချို့ တစ်ဦးကိုတစ်ဦး ခေါ်ဆိုဆက်ဆံသကဲ့သို့ ခေါ်ဆိုဆက်ဆံခြင်း မပြုလုပ်ကြလေနှင့်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သင်တို့အနက် (တစ်စုံတစ် ရာကို) အကွယ်အကာယူ၍ တိတ်တဆိတ် ခိုးကြောင်ခိုးဝှက် အလစ်သုတ် ထွက်သွားကြသော သူတို့အား ကောင်းစွာ သိရှိတော်မူ၏။ သို့ဖြစ်ပေရာ ရစူလ်တမန်တော်မြတ်၏အမိန့်တော်ကို အာခံဖီဆန်၍ ရှောင်တိမ်းကြ သောသူတို့သည် သူတို့ထံ စမ်းသပ်မှု (ဒုက္ခအခက်အခဲ) တစ်စုံတစ်ရာ သက်ရောက်မည်ကိုသော်လည်းကောင်း၊ သို့မဟုတ် သူတို့ထံ ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ် တစ်စုံတစ်ရာ သက်ရောက်မည်ကိုသော်လည်း ကောင်း၊ သတိထားရမည် ဖြစ်၏။