Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 24 - An-Nur
Translation by Alin U Yin — Permalink
Verse 64 — Surah An-Nur 24:64
သတိပြုကြလော့။ ဧကန်ပင်၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်၌ ရှိသမျှတို့သည် (အရှင့်မြတ်က ဖွဲ့စည်း ဖြစ်တည်စေတော်မူသော အရာများဖြစ်သောကြောင့်) အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူသောအရာများ ဖြစ်ကြ၏။ ဧကန်အမှန်၊ ထိုအရှင်မြတ်သည် (လက်ရှိ အခြေအနေ၌) သင်တို့က မည်သည့်အရာပေါ် ရပ်တည် နေသည်ကို သိနေတော်မူသည့်အပြင် ထိုရှင်ပြန်ထမည့်နေ့တွင် သူတို့အား ထိုအရှင်မြတ်ထံတော်သို့ ပြန်လည် ရောက်စေတော်မူမည်ဖြစ်ရာ ထိုအရှင်မြတ်သည်ပင် သူတို့အား (စာရင်းရှင်းတော်မူရန်) သူတို့ပြုကျင့် ကြံခဲ့သမျှနှင့်စပ်လျဉ်း၍ သတင်းပေး ထုတ်ဖော်ပြသတော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့နှင့်စပ်လျဉ်း၍ သတင်းအချက်အလက် အသေးစိတ်ကို အကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။