Back to Languages

Burmese - Chapter 24 - An-Nur

Translation by Alin U Yin — Permalink

Verse 8 — Surah An-Nur 24:8

ထို့ပြင် အကယ်၍ သူ၏ကြင်ရာသည်လည်း အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ဧကန်ပင်၊ သူသည် (မဟုတ်မတရား လိမ်လည်စွပ်စွဲသော) မုသာဝါဒီအနက်မှ မုချပင် ဖြစ်ကြောင်း လေးကြိမ်တိုင်တိုင် သက်သေထွက်ဆိုခြင်းသည် သူမ၏ပြစ်ဒဏ်ကို ပလပ်ဖယ်ရှားစေမည်ဖြစ်၏။