Back to Languages

Burmese - Chapter 25 - Al-Furqan

Translation by Alin U Yin — Permalink

Verse 17 — Surah Al-Furqan 25:17

ထို (တမလွန်တရားစီရင်မည့်) နေ့တွင် ထိုအရှင်မြတ်သည် (မယုံကြည်သူများဖြစ်ကြသော) သူတို့အား လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှလွဲ၍ (သူတို့က ကိုးကွယ်ရာအရှင်အဖြစ် အယူမှားယွင်းစွာဖြင့် ယုံ​ကြည်ကိုးကွယ်ကြခဲ့သော သက်ရှိသက်မဲ့များ၊ နတ်များဘုရားများ၊ ရုပ်တုဆင်းပွားများစသည့်) အခြားသော ကိုးကွယ်ရာများကိုလည်းကောင်း၊ စုရုံးတော်မူပြီးလျှင် “သင်တို့သည်ပင် ငါအရှင်မြတ်၏ ""ဤအ စေခံများ""ကို လမ်းလွဲစေခဲ့ကြလေသလော။ သို့တည်းမဟုတ် သူတို့ကိုယ်တိုင်သည်ပင် (သူတို့၏စိတ်ဆန္ဒအလျှောက် သင်တို့ကို ဖန်တီး၍ ကိုးကွယ်လျက်) လမ်းလွဲခဲ့ကြလေသလော။” ဟု မေးမြန်းတော်မူပေမည်။