Back to Languages

Burmese - Chapter 25 - Al-Furqan

Translation by Alin U Yin — Permalink

Verse 18 — Surah Al-Furqan 25:18

(ထိုအခါ) သူတို့က “(အို၊ အရှင်မြတ်၊) အရှင်မြတ်သည် ချို့တဲ့မှုလုံးဝကင်းပြီး အနှိုင်းမဲ့အရှင် ဖြစ်တော် မူခြင်း (မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ် ထိုက်သော ပကတိ ဂုဏ်တော်အားလုံးကိုပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။ ကျွန်ုပ်တို့သည် အသင်အရှင်မြတ်မှလွဲ၍ အခြားမည်သည့်သက်ရှိ သက်မဲ့ကိုမျှ ကာကွယ် စောင့်ရှောက်မည့် အဆွေခင်ပွန်းများအဖြစ် မယုံကြည် မမှတ်ယူကြပါ။ သို့ရာတွင် အရှင်မြတ်သည် (မယုံကြည် သူများဖြစ်ကြသော) သူတို့အားလည်းကောင်း၊ သူတို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့အားလည်းကောင်း၊ သူတို့သည် သတရတသ၍ ဖွင့်ဟစရာ (ဖြစ်သော ကျမ်းတော်) ကို မေ့လျော့သွားသည်အထိ လောကီအကျိုးခံစားများ ပေး အပ်၍ စိတ်ချမ်းသာပေးတော်မူပြီး သူတိုသည် အကျင့်ပျက်ခြစားသော လူမျိုးသာ ဖြစ်ကြသည်။