Back to Languages

Burmese - Chapter 25 - Al-Furqan

Translation by Alin U Yin — Permalink

Verse 19 — Surah Al-Furqan 25:19

(အရှင်မြတ်မိန့်တော်မူသည်မှာ) ထိုသို့ဖြင့် (သက်ရှသက်မဲ့များအနက်မှ ကိုးကွယ်ရာများအဖြစ် ယုံကြည် ကိုးကွယ်ခြင်းခံကြရသော) သူတို့သည် (ယင်းတို့ကိုကိုးကွယ်နေကြသော) သင်တို့အား သင်တို့က လော ကီဘဝ၌ ပြောဆိုကြသော အပြောအဆိုများနှင့်စပ်လျဉ်း၍ (တမလွန်၌) သင်တို့အား ငြင်းဆန်ကြမည်ဖြစ်ရာ သင်တို့သည် (အရှင်မြတ်၏ပြစ်ဒဏ်မှ) မည်သို့မျှ ရှောင်လွှဲနိုင်ကြမည်မဟုတ်သည့်အပြင် မည်သည့် အကူအညီကိုမျှ ရရှိနိုင်ကြမည်လည်း မဟုတ်ပေ။ စင်စစ်သော်ကား သင်တို့အနက် မည်သူမဆို အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံသည်ရှိသော် ငါအရှင်မြတ်သည် ထိုသူအား ကြီးလေးသော ပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူလိမ့်မည်။