Back to Languages

Burmese - Chapter 25 - Al-Furqan

Translation by Alin U Yin — Permalink

Verse 2 — Surah Al-Furqan 25:2

ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ် (ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူလျက် လှည့်ပတ်လှုပ်ရှားစေသောကြောင့် ယင်းတို့) ၏ဩဇာအာဏာသည် ထိုအရှင်မြတ် (၏စည်း မျဉ်းတော်နှင့်အညီ အသုံးချရန်) အတွက်သာဖြစ်၏။ ထိုအရှင်မြတ်သည် သားတော်တစ်ဦးတစ်ယောက်ကို ရယူဖန်တီး တော်မူခြင်း (ရုပ်ပွား၊ ကိုယ်ပွား၊ ဆင်းတု၊ အယူထား ဖန်တီး၍ ကိုးကွယ်ဆည်းဆပ်ခြင်းကို ခွင့်ပြုတော်မူခြင်း) အလျှင်း မရှိပေ။ ထို့ပြင် အရှင့်စိုးမိုးအုပ်ချုပ်မှုဆိုင်ရာဩဇာအာဏာ၌ တွဲဖော်တွဲဖက်ဟူ၍လည်း မည်သူတစ်ဦး တစ်ယောက်မျှ မရှိချေ။ ထိုအရှင်မြတ်သည်ပင် အရာခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူသောကြောင့် (အရာခပ်သိမ်း၌ အရှင့်နိယာမတရားများနှင့်စည်းမျဉ်းတော်များပါရှိ စေတော်မူလျက်) တိုင်းတာသတ်မှတ်သော ပြဌာန်းချက်များကို စနစ်တကျ သတ်မှတ်ပြဌာန်းတော်မူ၏။