Back to Languages

Burmese - Chapter 25 - Al-Furqan

Translation by Alin U Yin — Permalink

Verse 20 — Surah Al-Furqan 25:20

စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင့်အလျင် စေလွှတ်တော်မူခဲ့သော ရစူလ်တမန်တော် အပေါင်း တို့အနက်မှလည်း ဧကန်ပင်၊ (သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းရန်) အစားအသောက် မှီဝဲစားသုံးကြ သည့်အပြင် ဈေးများတွင်လည်း လှည့်ပတ်သွားလာကြသူများမှအပ (မည်သည့်ရစူလ်တမန်တော်ကိုမျှ) စေလွှတ် တော်မမူခဲ့ချေ။ စင်စစ်မှာမူကား ငါအရှင်မြတ်သည် သင်တို့အနက် အချို့ကို အချို့အတွက် စမ်းသပ်မှုတစ်ရပ် (၏အကြောင်းခံ) အဖြစ် စီမံဖြစ်စေတော်မူ၏။ (သို့ဖြစ်ပေရာ) သင်တို့သည် (ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) သည်းခံခံ့ခိုင် ကြမည်လော။ စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်စေတော်မူသော အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ကောင်းစွာ ရှုမြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။