Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 25 - Al-Furqan
Translation by Alin U Yin — Permalink
Verse 21 — Surah Al-Furqan 25:21
စင်စစ် ငါအရှင်မြတ်နှင့်တွေ့ဆုံကြရမည်ကို မမျှော်လင့်ကြသော (မယုံကြည်) သူတို့က အဘယ်ကြောင့် ''မလာအီကာစေတမန်'' များသည် ကျွန်ုပ်တို့ထံ ဆင်းသက်စေတော်မမူသနည်း။ သို့တည်းမဟုတ် အဘယ် ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ် ကို မဖူးမြော် ကြရပါသနည်း။” ဟု မေးမြန်းပြောဆိုကြ၏။ ဧကန်မလွဲ၊ သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအ တိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များ၌ သူတို့ကိုယ်ကိုအထင်ကြီးလျက် မာနကြီးခဲ့ကြသည့်အပြင် သူတို့သည် (စည်းဘောင်အား လုံးကို ကျော်လွန်၍) ကြီးကျယ်သောပမာမခန့်မှုကို ကျူးလွန်စော်ကားခဲ့ကြ၏။