Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 25 - Al-Furqan
Translation by Alin U Yin — Permalink
Verse 3 — Surah Al-Furqan 25:3
သို့ရာတွင် စင်စစ်မှာမူကား (မယုံကြည်သူများနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်ကြသော) သူတို့သည် ထိုအရှင်မြတ်မှလွဲ၍ (သက်ရှိသက်မဲ့များအနက်မှ ကိုးကွယ်ရာများအဖြစ် မှတ်ယူကြသော) သူတို့၏ထိုကိုးကွယ် ရာများသည် မည်သည့် တစ်စုံတစ်ရာကိုမျှ အလျှင်း ဖွဲ့စည်းဖြစ်တည်စေနိုင်စွမ်း မရှိသည့်အပြင် ယင်းတို့သည် လည်း (အရှင့်စည်းမျဉ်းနိယာမတော်နှင့်အညီ) ဖွဲ့စည်းဖြစ်တည်စေခြင်းခံကြရသော အ ရာများသာဖြစ်ကြပြီး ယင်း တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့ မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များအတွက် မည်သည့်ကောင်းကျိုး ဆိုးကျိုးကိုမျှ (အတိုးအ လျော့ဖြစ်စေရန်) စိုးမိုးထိန်းချုပ်နိုင်စွမ်းမရှိရုံသာမက သေစေခြင်း အသက်ရှင်သန်စေခြင်းနှင့်ရှင်ပြန်ထစေခြင်းကို လည်း စိုးမိုးထိန်းချုပ်နိုင်စွမ်း အလျှင်း မရှိပေ။