Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 25 - Al-Furqan
Translation by Alin U Yin — Permalink
Verse 32 — Surah Al-Furqan 25:32
တစ်ဖန် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) သူတို့က ''အဘယ်ကြောင့် ကုရ်အာန်ကျမ်း တော်မြတ်သည် (အရှင့်ရစူလ်တမန်တော်ဖြစ်သော) သူ့အပေါ်၌ တစ်ကြိမ်တည်း (အစအဆုံးကို တစ် ပြိုင်နက် တည်း) တစ်လုံးတစ်ခဲတည်း ချမှတ်ပေးအပ်ခြင်း မခံရလေသနည်း။'' ဟု ပြောဆိုမေးမြန်းကြ၏။ ထိုကဲ့သို့ (တစ်လုံးတစ်ခဲတည်း ချမှတ်ပေးအပ်တော်မမူဘဲ ဖြစ်ပေါ်လာသည့် အခြေအနေ ပေါ်မူတည်၍ အလီလီ) ချမှတ်ပေးအပ်တော်မူခြင်းမှာ ငါအရှင်မြတ်သည် ယင်း (ကျမ်းတော်) ဖြင့် အသင်၏စိတ်နှလုံးကို မြဲမြံကြံ့ခိုင်စေတော်မူရန်အတွက်သာ ဖြစ်၏။ ထို့ပြင် ငါအရှင်မြတ်သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကို တဖြည်းဖြည်းချင်း (လိုအပ်ချက်နှင့်အညီ စနစ်တကျနှင့်ရှေ့က ထုတ်ပြန်သည့်အမိန့်တော်ကို နောက်ပိုင်းတွင် ချမှတ်ပေးသည့်အမိန့် တော်ဖြင့် အားဖြည့်စေလျက်) ကွဲကွဲပြားပြား ပြတ်ပြတ်သားသား သိနားလည်စေသည့်ပုံစံဖြင့် ချမှတ်ပေးအပ်၍ ရွတ်ပြစေတော်မူ၏။