Back to Languages

Burmese - Chapter 25 - Al-Furqan

Translation by Alin U Yin — Permalink

Verse 40 — Surah Al-Furqan 25:40

စင်စစ်သော်ကား (မယုံကြည်မှု၌ပင် ဇွဲရှိရှိဖြင့် ဆက်လက်ရပ်တည်လျက် မက္ကာမြို့တွင်နေ ထိုင်ကြသော) သူတို့သည် အလွန်ဆိုးရွားစွာ ရွာသွန်းစေတော်မူသည့် မိုးရေဒဏ်ခံခဲ့ကြရသော (တမန်တော်လူးသ် ၏လူမျိုးများ နေထိုင်ရာ) မြို့ရွာဒေသကို ဧကန်ပင်၊ ဖြတ်သန်း၍ ရောက်သွားခဲ့စဉ် သူတို့သည် ထို (ပြစ်ဒဏ်၏အမှတ်လက္ခဏာများ) ကို မမြင်ခဲ့ကြလေသလော။ အမှန်စင်စစ်မှာမူကား သူတို့သည် ကွယ်လွန်သေဆုံးသွားပြီးနောက် ရှင်ပြန်ထခြင်းခံရမည်ကို မျှော်လင့်မထား (ကြသောကြောင့် မမြင်တတ်) ကြပေ။