Back to Languages

Burmese - Chapter 25 - Al-Furqan

Translation by Alin U Yin — Permalink

Verse 43 — Surah Al-Furqan 25:43

(အို၊ ရစူလ်တမန်တော်၊) သင်သည် သူ၏အတ္တစွဲ စိတ်အလိုဆန္ဒကို သူ၏ကိုးကွယ်ရာအဖြစ် အယူထား၍ ကိုးကွယ်နေသောသူ၏အကြောင်းကို မတွေ့ မမြင် မသုံးသပ်မိလေသလော။ သို့ပါလျက် အသင်သည် (သူ့ကို လမ်းညွှန်ရန်အတွက် တာဝန်ရှိကြောင်း မှတ်ယူပြီး) သူ့အပေါ်၌ ကာကွယ်စောင့်ရှောက်သူအဖြစ် ရှိနိုင်မည်လော။