Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 25 - Al-Furqan
Translation by Alin U Yin — Permalink
Verse 45 — Surah Al-Furqan 25:45
အသင်သည် သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က (အရာ ဝတ္ထုခပ်သိမ်းတို့၏) အရိပ်များအား မည်သို့မည်ပုံ တိုးရွေ့ပျံ့နှံ့စေတော်မူကြောင်းကို မတွေ့ မမြင် မသုံးသပ် မိလေသလော။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် ထိုအရိပ်ကို (လှုပ်ရှားမှုမဲ့ အပြောင်းအလဲမဲ့) ပုံသေတည်ငြိမ်စွာတည်မြဲနေသည့်အရာအဖြစ် စီမံဖြစ်စေတော်မူပြီးနောက် ငါအရှင်မြတ်သည် နေကို ယင်းအရိပ်အပေါ် သက်သေလက္ခဏာတစ်ရပ် ဖြစ်စေတော်မူနိုင်၏။