Back to Languages

Burmese - Chapter 25 - Al-Furqan

Translation by Alin U Yin — Permalink

Verse 53 — Surah Al-Furqan 25:53

ထို့ပြင် ထိုအရှင်မြတ်သည်ပင် ပင်လယ်နှစ်ခုကို စီးဆင်းပေါင်းစည်းစေတော်မူ၍ “ဤသည် ရေချို ဖြစ်ပြီး ဤသည်ရေငန်ဖြစ်၏။” (ဟု ယတိပြတ်ပြောဆိုနိုင်သော်လည်း) ထိုရေချိုနှင့်ရေငန်ကြားတွင် (ယင်းတို့ကို သီးခြားစီ ပိုင်းခြားထားသော မမြင်နိုင်သည့်) စည်းခြားခြင်း (အတားအဆီး) တစ်ခု ဖြစ်ပေါ်စေပြီး ယင်းကို (တစ်ဘက်မှ ရေသည် နောက်တစ်ဘက်မှ ရေနှင့်ရောနှောခြင်း မရှိစေရန် ခိုင်လုံသော) တားမြစ်ထားသည့်နယ်ခြားစည်း အတားအဆီးတစ်ခုဖြစ်စေလျက် ပိုင်းခြားစည်းခြားစေတော်မူ၏။