Back to Languages

Burmese - Chapter 25 - Al-Furqan

Translation by Alin U Yin — Permalink

Verse 58 — Surah Al-Furqan 25:58

ထို့ပြင် (အို၊ ရစူလ်တမန်တော်၊) အသင်သည် မည်သည့်အခါမျှ မရဏသေခြင်းတရား မလွှမ်းမိုးနိုင်သော အမြဲထာဝရ ရှင်သန်မြဲရှင်သန်နေတော်မူသော အရှင်မြတ်အပေါ်၌သာလျှင် အားကိုးအားထား ပြုလော့။ အရှင် မြတ်အားချီးမွမ်းခြင်းနှင့်အတူ ထိုအရှင်မြတ်သည် (ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ် တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ် တင်လော့။ စင်စစ်သော်ကား ထိုအရှင်မြတ်သည်ပင် အရှင့်အစေခံများ၏ပြစ်မှုတို့နှင့်စပ်လျဉ်း၍ သတင်း အချက်အလက်အသေးစိတ်ကို သိနေတော်မူသောအရှင်အဖြစ် လုံလောက်ပါ၏။” ဟုလည်းဟော့လော့။