Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 25 - Al-Furqan
Translation by Alin U Yin — Permalink
Verse 59 — Surah Al-Furqan 25:59
ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ ယင်းတို့အတွင်း၌ ရှိနေသောအ ရာများကိုလည်းကောင်း၊ ခြောက်ရက် (ခေတ်ကာလ ကပ်ကမ္ဘာခြောက်ခု) ၌ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး နောက် အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော ကရုဏာရှင်၏ (ဆန္ဒတော်၊ ဉာဏ်တော်အနန္တနှင့် အလွန်ကြီးကျယ်မြင့်မြတ်သော တန်ခိုးအာဏာတော်အား) မဟာပလ္လင်တော်ဝယ် ထူထောင်တော်မူ၏။ ထိုအရှင် မြတ်သည်ပင် အရာခပ်သိမ်းနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်အသေးစိတ်ကို သိနေတော်မူသောအရှင် ဖြစ် တော်မူသောကြောင့် မည်သူမဆို (မည်သည့်အရာနှင့်ပတ်သက်၍ဖြစ်စေ၊ တောင်းဆို မေးမြန်းလိုလျှင်) ထိုအရှင် မြတ်ထံတော်၌သာ တောင်ခံမေးမြန်းလော့။