Back to Languages

Burmese - Chapter 25 - Al-Furqan

Translation by Alin U Yin — Permalink

Verse 6 — Surah Al-Furqan 25:6

(အို၊ ရစူလ်တမန်တော်) အသင်သည် (သူတို့အား) “ထို (ကျမ်းတော်မြတ်ကုရ်အာန်) ကို မိုးကောင်းကင် များနှင့်မြေကမ္ဘာ၌အတွင်း (မည်သည့်လူသားပညာရှင်ကမျှ ရှာဖွေဖော်ထုတ်နိုင်စွမ်း မရှိသည့်) လျှို့ဝှက်ချက် အလုံးစုံကို သိနေတော်မူသော အရှင်မြတ်က (လူသားတို့အား လျှို့ဝှက်ချက်တစ်ချို့ သွန်သင်ရန်နှင့်ဘဝတည် ဆောက်ဆိုင်ရာနည်းစနစ်ကို လမ်ညွန်တော်မူရန်) ချမှတ်ပေးအပ်တော်မူခဲ့၏။ မုချဧကန်၊ ထိုအရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူး လွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။