Back to Languages

Burmese - Chapter 25 - Al-Furqan

Translation by Alin U Yin — Permalink

Verse 68 — Surah Al-Furqan 25:68

ထိုမျှမက ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ (တွဲဖက်တုပြိုင်၍) အခြားတစ်စုံတစ်ရာကိုမျှ ဟစ်ခေါ်တသ၍ ဆည်းကပ်ကိုးကွယ်ကြသည််မဟုတ်ရုံသာမက အမှန်တရားသစ္စာအတွက် မှန်ကန်သောအကြောင်းရင်းပေါ်အခြေခံ၍ တရားမျှတစွာ စီရင်စေခြင်းမှအပ သူတို့သည် အလ္လာဟ်အရှင်မြတ်က မသတ်ကြရန် တားမြစ်ထားတော်မူသော မည်သည့် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်ကိုမျှ သတ်ဖြတ်ခြင်း မပြု ကြသည့်အပြင် တရားမဝင် ကာမေသုမိစ္ဆာစာရကိုလည်း ကျူးလွန်ကြသည် မဟုတ်ပေ။ စင်စစ်သော်ကား မည် သူမဆို ထိုသို့သော ပြစ်မှုများကို ကျူးလွန်ပါမူ ထိုသူသည် (မျိုးဆက်တစ်ခုလုံးကို ဆုတ်ယုတ်တိမ်ကောစေမည့် အလွန်ကြီးလေးသော) ပြစ်ဒဏ်နှင့် တွေ့ကြုံရမည် ဖြစ်၏။