Back to Languages

Burmese - Chapter 25 - Al-Furqan

Translation by Alin U Yin — Permalink

Verse 74 — Surah Al-Furqan 25:74

ထိုသူတို့က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ဘဝဖော်များထံမှလည်းကောင်း၊ ကျွန်ုပ်တို့၏သားမြေးတို့ထံမှလည်း ကောင်း၊ မျက်စိအေးမြကြည်လင်မှုကို ပေးသနားတော်မူပါ။ ကျွန်ုပ်တို့အား မွတ္တကီ (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသူ) တို့အတွက် ရှေ့ဆောင်လမ်းပြခေါင်းဆောင်များအဖြစ် ခန့်အပ်ဖြစ်စေ တော်မူပါ။ “ဟု အသနားခံ လျှောက်ထားကြလေ၏။