Back to Languages

Burmese - Chapter 26 - Ash-Shuara

Translation by Alin U Yin — Permalink

Verse 13 — Surah Ash-Shuara 26:13

ထို့ပြင် ကျွန်ုပ်၏ရင်သည် မွန်းကြပ်ကျဉ်းကျပ်နေသည့်အပြင် ကျွန်ုပ်၏နှုတ်လျှာ (စကားပြောဆိုမှုတွင်လည်း အရှင့် သတင်းစကားအား သူတို့ထံ ထိရောက်စွာ တင်ပြရန်အလို့ငှာ) သွက်လက်ပြေပြစ်ခြင်း မရှိပါ။ သို့ဖြစ်ပါ၍ (ကျွန်ုပ်၏နောင်တော်) ဟာရူန် (၏ထံသို့လည်း တမန်တော်အဖြစ် ရွေးချယ်တော်မူကြောင်း အမိန့် ထုတ်ပြန်မူ၍ ကျွန်ုပ်နှင့်အတူ သူ့) ကိုလည်း စေလွှတ်တော်မူပါ။