Back to Languages

Burmese - Chapter 26 - Ash-Shuara

Translation by Alin U Yin — Permalink

Verse 15 — Surah Ash-Shuara 26:15

အရှင်မြတ်က “(အို၊ မူဆာ၊ သူတို့သည် အသင့်အား အလျှင်း သတ်ဖြတ်နိုင်ကြမည် မဟုတ်ပေ)။ ထိုသို့ မဖြစ်နိုင်ပေ။ သို့ဖြစ်ပေရာ သင်တို့ (ညီနောင်) နှစ်ဦးသည် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်တကွ (ဖါရိုမင်းထံ) သွားကြလော့။ ဧကန်ပင်၊ ငါအရှင်မြတ်သည် သင်တို့နှင့်အတူ (ရှိတော်မူပြီး သင်တို့ နှစ်ဦးနှစ်ဖက် ပြောဆိုကြသည်တို့ကို) နားထောင်လျက်ပင် ရှိတော်မူပေမည်။