Back to Languages

Burmese - Chapter 26 - Ash-Shuara

Translation by Alin U Yin — Permalink

Verse 227 — Surah Ash-Shuara 26:227

သို့ရာတွင် (ထိုကဗျာလင်္ကာဆရာများ၌) သက်ဝင်ယုံကြည်ခဲ့ကြပြီးနောက် ဖြောင့်မတ်မှန်ကန်သော ပြုမူ ကျင့်ကြံမှုများဖြင့် ပြုပြင်ကြသည့်အပြင် အလ္လာဟ်အရှင်မြတ် အားလည်း များစွာ သတိရ တသ၍ ဖွင့်ဟကြသူများ မပါဝင်ပေ။ ထို့ပြင် သူတို့သည် မတော်မတရား ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ကြရပြီး နောက်တွင် (မိမိတို့ကိုယ်ကို ကာကွယ်ရန်) အချင်းချင်းကူညီလျက် အမှန်တရားအတွက် သက်သေထူကြ ၏။ အရှင့်စည်း မျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့သည် သူတို့အား မည်သို့ (သော ဇောက်ထိုး ပြောင်းပြန်လှန်ပစ်မှုဖြင့်) ဇောက်တိဇောက်ထိုး ပြောင်းပြန် လှန်ပစ်ခြင်းခံရမည်ကို မကြာမီ သိကြလိမ့်မည်။