Back to Languages

Burmese - Chapter 27 - An-Naml

Translation by Alin U Yin — Permalink

Verse 10 — Surah An-Naml 27:10

ထို့ပြင် အသင်သည် သင့်တောင်ဝှေးကို (မြေကြီးပေါ်သို့) ပစ်ချလော့။ ထို့နောက် (တမန်တော်) မူဆာ သည် (ယင်းတောင်ဝှေးကို အမိန့်တော်အတိုင်း ပစ်ချ၍) ယင်းမှာ မြွေတစ်ကောင်ကဲ့သို့ တွန့်လိမ်တွားသွားလှုပ် ရှားလျက်ရှိသည်ကို တွေ့မြင်သောအခါ နောက်ဆုတ်ကျောခိုင်းပြီး နောက်သို့လှည့် မကြည့်ဘဲ ရှောင်ပြေးလုနီး ပါး ဖြစ်ခဲ့၏။ (ထိုစဉ် အလ္လာဟ်အရှင်မြတ်က) အို၊ မူဆာ၊ အသင်သည် မကြောက်ရွံ့လေနှင့်။ ဧကန်မလွဲ (ငါအရှင်မြတ်၏နီးစပ်မှု ရရှိသူတို့သည် ပကတိဘေးကင်းလုံခြုံမှု ရှိသောကြောင့်) ငါအရှင်မြတ်၏ထံတော်၌ ရစူလ် တမန်တော်တို့သည် ကြောက်ရွံ့ကြလေ့ မရှိကြချေ။