Back to Languages

Burmese - Chapter 27 - An-Naml

Translation by Alin U Yin — Permalink

Verse 11 — Surah An-Naml 27:11

အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူသည် သာလျှင် (ကြောက်ရွံ့သင့်၏) သို့ရာတွင် (မည်သူမဆို) မကောင်းမှုဒုစရိုက်များကို ကျူးလွန်ခဲ့ပြီးနောက် (နောင်တရလျက် အရှင့်လမ်းစဉ်ဘက်သို့ လှည့်၍) ကောင်းမှုကုသိုလ်များကို အစားထိုးပြုလုပ်ခြင်းဖြင့် ပြုပြင်လိုသော် မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော် မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိ သူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူ သောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အ ကြင်နာရှင် ဖြစ်တော်မူ၏။