Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 27 - An-Naml
Translation by Alin U Yin — Permalink
Verse 14 — Surah An-Naml 27:14
ထို့ပြင် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အ သွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလို ဆန္ဒအ တိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များသည် ယင်း (အာယသ်သက်သေလက္ခဏာ တော်များ) ကို အခိုင်အမာယုံကြည်သော်လည်း စည်းမျဉ်းတော်များအား ကျူးလွန်ချိုး ဖောက်လျက် မတော် မတရားမမှန်မကန်လုပ်ခြင်းဖြင့်လည်းကောင်း၊ မာန်မာနထောင်လွှား၍လည်းကောင်း၊ စောဒကတက်လျက် ပယ် ရှားခဲ့ကြ၏။ သို့ဖြစ်ပေရာ (မတည်မငြိမ်ဖြစ်အောင် အဖျက်အမှောင့် ပြု လုပ်၍) ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်ခဲ့ကြသူတို့၏နိဂုံး (နောက်ဆုံးအကျိုးဆက်) မှာ မည်သို့ဖြစ် ခဲ့သည်ကို စူးစမ်းလေ့လာကြည့်ကြလော့။