Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 27 - An-Naml
Translation by Alin U Yin — Permalink
Verse 16 — Surah An-Naml 27:16
ထို့ပြင် တမန်တော်စုလိုင်မာန်သည် တမန်တော်ဒါဝူးဒ်၏အရိုက်အရာကို ဆက်ခံခဲ့၏။ (အရှင်မြတ်က တမန်တော် စုလိုင်မာန်အား ဩဇာအာဏာနှင့်ဂုဏ်သိက္ခာ ချီးမြှင့်တော်မူသည်ကို ကျေးဇူးတင်လျက် ဟော ပြော သည်မှာ) အို၊ လူသားအပေါင်းတို့၊ ကျွန်ုပ်တို့သည် ငှက်သတ္တဝါတို့၏ဘာသာစကားအား သင်ကြားပေးတော်မူ ခြင်းကို ခံကြရသည့်အပြင် ကျွန်ုပ်တို့သည် (စိုးမိုးအုပ်ချုပ်မှုနှင့်စပ်လျဉ်း၍ လိုအပ်သော) အ ရာခပ်သိမ်းတို့ကို လည်း ချီးမြှင့်ပေးသနားတော်မူခြင်းခံခဲ့ကြရပေသည်။ ဧကန်ပင်၊ ဤသည် သိသာထင်ရှားသော ကျေးဇူးတော်ဖြင့် ဂုဏ်သိက္ခာပေးခြင်းပင် ဖြစ်၏။