Back to Languages

Burmese - Chapter 27 - An-Naml

Translation by Alin U Yin — Permalink

Verse 19 — Surah An-Naml 27:19

ထိုအခါ (တမန်တော်) စုလိုင်မာန်သည် (အရှင့်မြတ်သူ့အား ဂုဏ်သိက္ခာချီးမြှင့်ခြင်းအပေါ် တင်းတိမ်ရောင့်ရဲမှုနှင့်ရိုကျိုးမှုကို ပြသ၍) ထိုပရွက်ဆိတ်မ၏စကားကြောင့် ပြုံးခဲ့လေ၏။ ထို့ပြင် (အလ္လာဟ်အရှင်မြတ်ထံ) “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန် တော်မျိုးအပေါ်၌လည်းကောင်း၊ ကျွန်ုပ်၏မိဘနှစ်ပါးတို့အပေါ်၌လည်းကောင်း၊ အရှင်မြတ်ချီးမြှင့်ပေးအပ်တော်မူ သော ကျေးဇူးတော်များ၊ ဂုဏ်သိက္ခာများနှင့်စပ်လျဉ်း၍ ကျွန်ုပ်အား ကျေးဇူးသိတတ်ရန်နှင့်အရှင်မြတ် သဘော တူနှစ်သက်တော်မူသော ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံမှုများကို ဆောက်တည်နိုင်ရန်အလို့ငှာ စွမ်းရည် ဩဇာအာဏာများ တိုးမြှင့် ချီးမြှင့်ပေသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အား အရှင့်ကရုဏာတော်ဖြင့် အရှင်မြတ်၏ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ပြုပြင်ကြသည့် အစေခံများစားရင်းတွင် ဝင် ရောက်ခွင့်ပေး၍ စာရင်းထဲထည့်သွင်း စေတော်မူပါ။”ဟု လျှောက်ထားပန်ကြားခဲ့လေ၏။