Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 27 - An-Naml
Translation by Alin U Yin — Permalink
Verse 25 — Surah An-Naml 27:25
(ထိုသို့ တရားလမ်းမှန်မှ ပိတ်ပင်တားဆီးခြင်းခံကြရသောကြောင့်) သူတို့သည် မိုးကောင်းကင်များနှင့် မြေကမ္ဘာ၌ (မတည်ရှိသော မမြင်ရသော ကန့်လန့်ကာ၏နောက်ကွယ်မှ အရာခပ်သိမ်း၏တည်ရှိမှုဆိုင်ရာအလင်း ဖွဲ့စည်းဖြစ်တည်စေတော်မူ၍) ဖုံးကွယ်နေသောအရာများကို (အလင်းရှိရာသို့) ထွက်ပေါ် စေတော်မူသောအရှင် သင်တို့ ထိန်ချန်လျှို့ဝှက်ထားကြသည့်အကြောင်းကိစ္စဟူသမျှနှင့်လူသိရှင်ကြား ထုတ် ဖော်ကြသည့်အကြောင်း ကိစ္စဟူသမျှကို အကြွင်းမဲ့ သိနေတော်မူသော အရှင်ဖြစ်တော်မူသည့် အလ္လာဟ်အရှင်မြတ်အား ပျပ်ဝပ်ဦးချ (ဆည်း ကပ်ကိုးကွယ်) ကြသည် မဟုတ်ပေ။