Back to Languages

Burmese - Chapter 27 - An-Naml

Translation by Alin U Yin — Permalink

Verse 33 — Surah An-Naml 27:33

(ထိုမှူးမတ်အကြံပေးအကြီးအကဲဖြစ်ကြသော) သူတို့က ကျွန်ုပ်တို့သည် အင်အားစွမ်းပကားကို ပိုင်ဆိုင် ထားသည့်အပြင် ပြင်းပြင်းထန်ထန် ချေမှုန်းနိုင်စွမ်းရှိသူများ ဖြစ်သော်လည်း စီမံချက်အရေးကိစ္စအ တွက် အမိန့်အာဏာသည်ကား အသင်မအပေါ်၌သာ မူတည်သောကြောင့် အသင်မက မည်သို့ အမိန့်ပေးမည်ကို ဆင်ခြင် သုံးသပ်ရန်စောင့်စားလျက်ရှိကြ၏။” ဟု လျှောက်ထားခဲ့ကြ၏။