Back to Languages

Burmese - Chapter 27 - An-Naml

Translation by Alin U Yin — Permalink

Verse 36 — Surah An-Naml 27:36

ထို့နောက် (ထိုသံတမန်တို့သည် တမန်တော်) စုလိုင်မာန်ထံသို့ ရောက်လာသောအခါ သူက “အလ္လာဟ် အရှင်မြတ်သည် ကျွန်ုပ်အား (တမန်တော်ရာထူး ဩဇာအာဏာ ဥစ္စာဓနကြွယ်ဝမှုစည်ဖြင့် အလျှံပယ်ပေးအပ်ထားတော်မူပြီး) သင်တို့ကို ချီးမြှင့်ထားတော်မူသည့်အရာများထက် အကောင်းမြတ်ဆုံးကို ချီးမြှင့်ထားပါလျက် သင်တို့က (မဖြစ်စလောက်သော) လက်ဆောင်ပစ္စည်းဖြင့် ကျွန်ုပ်ကို ထောက်ပံ့ကူညီလိုကြသလော။ အမှန်မှာ လက်ဆောင်ပဏ္ဏာဖြင့် (လောကီကို မက်မောနေသော) သင်တို့သည်သာ ပျော်ရွှင်မြူးထူးဖြစ်နိုင်၏။