Back to Languages

Burmese - Chapter 27 - An-Naml

Translation by Alin U Yin — Permalink

Verse 38 — Surah An-Naml 27:38

(တမန်တော်) စုလိုင်မာန်က “အို၊ မှူးမတ်အကြံပေးအကြီးအကဲအပေါင်းတို့။ သူတို့သည် ကျွန်ုပ်ထံသို့ (သူတို့၏ကိုယ်စိတ်နှလုံးကို အရှင်မြတ်ထံအပ်နှံ၍ ငြိမ်းချမ်းရေးလိုလားသော အမိန့်နာခံသူ) မွတ်စလင်များ အဖြစ် ရောက်မလာကြမီ၊ အသင်တို့အနက် မည်သူသည် ထိုဘုရင်မ၏ရာဇပလ္လင်ကို ကျွန်ုပ်ထံ ယူလာနိုင်မည် နည်း။” ဟု ပြောဆိုမေးမြန်းခဲ့၏။