Back to Languages

Burmese - Chapter 27 - An-Naml

Translation by Alin U Yin — Permalink

Verse 40 — Surah An-Naml 27:40

ကျမ်းတော်အသိပညာတတ်ကျွမ်းပြီး (တမန်တော် စုလိုင်မာန်၏) အပါး၌ ရှိနေသူတစ်ဦးက “ကျွန်တော်မျိုးသည် ယင်း (ရာဇပလ္လင်) နှင့်အတူ ကိုယ်တော်၏မျက်စိတစ်မှိတ်အတွင်း၌ပင် ကိုယ်တော်ထံသို့ ဆောင် ကြဉ်းလာခဲ့ပါမည်။” ဟု လျှောက်ထားခဲ့လေ၏။ ထို့နောက် (တမန်တော်) စုလိုင်မာန်သည် ယင်း (ရာဇပလ္လင်) ကို သူ့အပါးတွင် တည်ရှိနေသည်ကို တွေ့မြင်သောအခါ “ဤသည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ကျေးဇူးတော်ဖြင့် ဂုဏ်သိက္ခာပေးအပ်မှုတစ်ရပ်ဖြစ်ပြီး ကျွန်ုပ်သည် ကျေးဇူးတင်သလော။ သို့တည်းမဟုတ် ကျေးဇူးကန်းသလော ဟူသည်ကို ကျွန်ုပ်အား စမ်းသပ်တော်မူရန်သာ ဖြစ်၏။ စင်စစ်သော်ကား မည်သူမဆို ကျေးဇူးသိတတ်လျှင် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော် မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အ စွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်း တော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အကျိုးအတွက်သာ ဖြစ်ပြီး မည်သူမဆို ကျေးဇူး ကန်းလျှင် ဧကန်ပင်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့၍ ကုံလုံပြည့်စုံတော်မူသောအရှင်၊ မြင့်မြတ်၍ အလွန်တရာရက် ရောတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။